ပုဂံမှာ နိုင်ငံခြားဧည့်သည် ဝင်ရောက်မှုက မနှစ်ကထက် ပိုများတာကြောင့် ဟိုတယ်လုံလောက်မှု မရှိသလို ခရီးသွားတချို့ အခန်းမရတဲ့ အခက်အခဲတွေလည်း ရှိတယ်လို့ သိရပါတယ်။ ခရစ္စမတ်ပွဲတော်လောက်ကနေစပြီး ဧည့်သည်ဝင်ရောက်မှု များခဲ့သလို ဒီနေ့ထိ တစ်ရက်ကို ၇၀၀ နဲ့ ၉၀၀ ကြားလောက် ဧည့်သည်ဝင်ရောက်တယ်လို့ သိရပါတယ်။ ဧည့်သည်ဝင်ရောက်မှု များတာကြောင့် ပုဂံမြို့က မြင်းလှည်းသမားတွေလည်း ဝင်ငွေကောင်းတယ်လို့ ဆိုပါတယ်။ ပုဂံမြို့သစ်မှာရှိတဲ့ ဟိုတယ်တစ်ခုမှ တာဝန်ရှိသူက “ဒီနှစ် ဧည့်သည်ဝင်ရောက်မှုက အရင်နှစ်ကထက် များတယ်၊ ဟိုတယ်မှာတော့ အဆင်ပြေအောင် စီစဉ်ပေးပါတယ်၊ အခုက နိုင်ငံခြားခရီးသွားအပြင် တချို့က နိုင်ငံခြားမှာ ရောက်နေတဲ့ မြန်မာတွေလဲ လာရောက် လည်ပတ်ကြတာ တွေ့ရတယ်၊ နောက်နှစ် ဒီထက်များမယ်ဆိုရင် ဟိုတယ်တွေ လုံလောက်အောင် ထပ်ချဲ့သင့်တယ်” လို့ ပြောပါတယ်။ တချို့ကလဲ ဟိုတယ်မှာ ကြိုတင်ဘွတ်ကင် လုပ်တာရှိသလို တချို့က ပုဂံရောက်မှ အခန်းရှာတာမျိုးလည်း ရှိတယ်။ တချို့ဧည့်သည်က နှစ်ညအိပ်ကနေ ရက်တိုးပြီးနေတာတွေ ရှိတာကြောင့် အခန်းလုံလောက်မှု မရှိတာလို့ သိရပါတယ်။ တည်းခိုလို့ အဆင်ပြေမယ့် တည်းခိုခန်းလေးတွေ ရှိပေမယ့် တစ်နေ့တစ်နေ့ ဧည့်သည်ဝင်ရောက်မှု များတဲ့အခါ အခန်းလုံလောက်မှုက နည်းသွားပါတယ်။ နောက်နှစ်မှာ ဟိုတယ်လုံလောက်မှုရှိအောင် အခုကတည်းက ဟိုတယ်တွေ တိုးချဲ့ဖို့ လိုအပ်နေပြီလို့ ဟိုတယ်တချို့ကို မေးမြန်းချက်အရ သိရပါတယ်။ သီရိစန္ဒာ ဟိုတယ်ပိုင်ရှင် ပုဂံဟိုတယ်ဇုန် အတွင်းရေးမှူး ဦးဇော်ဝိတ်က “အခု အစကောင်းတဲ့အချိန် ဧည့်သည်တွေ အများအပြား ဝင်ရောက်နေတဲ့အချိန်မှာ ဟိုတယ်တွေ ထပ်ချဲ့သင့်တယ်၊ မဟုတ်ရင် တိုရစ်ဇင်(ခရီးသွား) ဦးကျိုးသွားလိမ့်မယ်၊ အခု ရှစ်သိန်းဝင်တဲ့အချိန်မှာ မလုပ်ရင် တခြားတိုးချဲ့စရာ တိုးချဲ့မှုမရှိရင် နောက်နှစ်ဧည့်သည် သန်းကျော်ဝင်တဲ့အခါ ဒုက္ခရောက်မယ်၊ ဒါက ဟိုတယ်ခရီးနဲ့ပဲ ဆိုင်တယ် ပြောလို့ မရဘူး၊ ဝန်ကြီးဌာနတွေရော အကုန်ပူးပေါင်းပြီးလုပ်မှ နောက်နှစ်အတွက် အဆင်ပြေမှု ရှိနိုင်မယ်” လို့ သူ့အမြင်ကို ပြောပါတယ်။ ပုဂံမြို့မှာ ဧည့်သည်အကြိုအပို့ ကားမောင်းသူတစ်ဦးကလည်း “ဒီနှစ် ဒီဇင်ဘာလလောက်ကတည်းက ဧည့်သည်တွေ အရမ်းဝင်တာ၊ နောက်နှစ်တစ်သန်း ဝင်မယ်လို့ တရားဝင် ကြေညာထားတာလဲရှိတော့ ဟိုတယ်တွေလဲ တိုးချဲ့ဖို့ လိုသလို ဒီထက်လဲ ပြုပြင်ပြောင်းလဲမှုတွေ လုပ်သင့်တယ်၊ အခုတော့ စည်းကမ်းပိုင်းကအစ အားနည်းနေသေးတယ်” လို့ သူ့အမြင်ကို ပြောပြခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ထုတ် မော်ဒန် သတင်းဂျာနယ်တွင် ဖော်ပြထားပါသည်။
Source : Khit Lu Nge
ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အညီ ဘွဲ့လွန်ဒီပလိုမာသင်တန်းအဖြစ် ရန်ကုန်တက္ကသိုလ်က ၂၀၀၄ ခုနှစ်မှ စတင်သင်ကြားလျက်ရှိသော ခရီးသွားလုပ်ငန်း စီမံခန့်ခွဲမှုဘာသာရပ်ကို လေးနှစ်ကြာ တက်ရောက်ရမည့် ဝိဇ္ဇာဘွဲ့ B.A(Tourism) ဘာသာရပ်အဖြစ် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလမှ စတင်ပြီး ရန်ကုန်နှင့် မန္တလေးတက္ကသိုလ်တို့တွင် စတင်ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ကြောင်း Tourism ဘာသာရပ် သင်ကြားပို့ချလျက်ရှိသော ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန၊ အငြိမ်းစားပါမောက္ခ ဒေါက်တာဒေါ်ခင်ဆွေမြင့်က ပြောကြားသည်။ “ပညာရေးဌာန ခွင့်ပြုပြီးပြီ။ ဒီနှစ်မှာစဖို့ အစီအစဉ်ရှိပါတယ်” ဟု ၄င်းကဆိုသည်။ ခရီးသွားလုပ်ငန်းနှင့် ပတ်သက်၍ တစ်နှစ်ဒီပလိုမာ သင်တန်းများကို ၂၀၁၂ ခုနှစ်အထိ ရန်ကုန်မြို့ အမျိုးသားစီမံခန့်ခွဲမှုပညာ ကောလိပ်တွင် ခြောက်ကြိမ်မြောက်အထိ ဖွင့်လှစ်ခဲ့ပြီး မန္တလေးတွင် ပထမအကြိမ် ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ ဘွဲ့ရပြီး အသက် ၂၀ မှ အသက် ၅၀ ဝန်းကျင်အထိ တက်ရောက်ကြပြီး ယခုအခါတွင် ရန်ကုန်၌ သင်တန်းသား ၅၈ ဦး၊ မန္တလေး၌ ၅၂ ဦး တက်ရောက်လျက်ရှိကြောင်း ပါမောက္ခ ဒေါက်တာဒေါ်ခင်ဆွေမြင့်က ပြောကြားခဲ့သည်ဟု ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။
Source : Khit Lu Nge
၂၄ နာရီ ဖြေကြားပေးမည့် အလိုအလျောက် ဖြေကြားစက် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီး ဌာနတွင် တပ်ဆင်
0 comments Posted by Lyn Lyn at 3:08 PMပြည်ပဧည့်သည်များ အတွက် သတင်းအချက် အလက်များကို ဖြေ ကြား ပေးနိုင်မည့် အလိုအလျောက် ဖြေကြား စက်ကို ဖေဖော်ဝါရီ ၁၂ ရက် မှစတင်၍ နေပြည်တော်ရှိဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဋ္ဌာနတွင် တပ် ဆင်ထားပြီး ဖြစ်ကြောင်းသိရသည်။
၂၄ နာရီလုံး ဖွင့်ပေးထားမည် ဖြစ်ပြီး အဓိက အားဖြင့် ရန်ကုန်၊ နေ ပြည်တော်၊ မန္တလေး၊ ပုဂံ၊ တောင်ကြီး မှ ဟိုတယ်ခရီးနှင့် ဆိုင်သောဌာနဆိုင် ရာ ဖုန်းနံပါတ်များအား ထည့်သွင်း ဖြေကြား ပေးသွားမည်ဖြစ်သည်။
အဆိုပါ စက်မျိုးများကို တိုးချဲ့ တပ်ဆင် သွားရန်ရှိကြောင်း ဟိုတယ် နှင့်ခရီးသွားလာရေး ၀န်ကြီးဌာနမှ သိရသည်။ သိလိုသူများ သည် ဖုန်း-၀၆၇-၄၀၆၀၆၁သို့ စုံစမ်း မေးမြန်းနိုင် ကြောင်းသိရသည်။
source : The Myanmar Post
;;
Subscribe to:
Posts (Atom)

