မြန်မာနိုင်ငံတွင် လူထုစီးပွားရေး အခြေခံ ခရီးသွားလာရေးလုပ်ငန်း (CBT)စတင်ပါက ပုဂံနှင့် ကလောဒေသသည် အကောင်းဆုံးဖြစ်ကြောင်း ခရီးသွားလုပ်ငန်း ကျွမ်းကျင်သူတစ်ဦးက ပြောသည်။ "CBTဆိုတာက ဒေသခံတွေနဲ့နေတယ်။ သူတို့လုပ်ငန်းကို လေ့လာတယ်။ ညအိပ်တယ်။ သဘာဝ အတိုင်းနေတာမျိုးပါ။ ဒီမှာမရှိသေးဘူး။ ကြိုးစားနေတဲ့အဆင့်ပဲ ရှိတယ်။ သူများနိုင်ငံတွေမှာ အောင်မြင်နေပြီ" ဟု ယင်းပုဂ္ဂိုလ်ကဆိုသည်။ CBT လုပ်ငန်း ဆောင်ရွက်ပါက နိုင်ငံခြား ဧည့်သည်များအတွက် လုံခြုံရေး၊ အစားအသောက်၊ ရေချိုးခန်း၊ သန့်စင်ခန်း သပ်ရပ်မှုရှိရန် လိုအပ်မည်ဖြစ်သည်။
"ပုဂံနဲ့ ကလောဘက်မှာတော့ CBTက သေချာပေါက် လုပ်လို့ရတယ်။ ကမ်းခြေဒေသတွေမှာတော့ ညအိပ်လို့ အဆင်မပြေတဲ့အတွက် မဖြစ်နိုင်သေးဘူး" ဟု အထက်ပါ ပုဂ္ဂိုလ်က ဆက်လက်ပြောသည်။ မြန်မာနိုင်ငံတွင် သဘာဝအခြေခံ ခရီးသွားလုပ်ငန်း Ecotourism စတင်နေပြီဖြစ်ပြီး ယင်းစနစ်တွင် CBT လုပ်ငန်းအား ထည့်သွင်းနိုင်ကြောင်းလည်း ခရီးသွားလုပ်ငန်းရှင်တစ်ဦးက ပြောသည်။ မြန်မာနိုင်ငံတွင် CBT လုပ်ငန်း စတင်ရန်အတွက် အဘက်ဘက်မှပြည့်စုံရန် လိုအပ်နေကြောင်းလည်း ခရီးသွားလုပ်ငန်းရှင်များက ပြောသည်။
Source : Venus News Journal
Myanmar Online Music: http://www.myanmaronlinemusic.com/
Thanks a lot!