Gurney Drive
15 minutes ago
asiantraveler.co.cc
ပြည်ပဧည့်သည်များ အတွက် သတင်းအချက် အလက်များကို ဖြေ ကြား ပေးနိုင်မည့် အလိုအလျောက် ဖြေကြား စက်ကို ဖေဖော်ဝါရီ ၁၂ ရက် မှစတင်၍ နေပြည်တော်ရှိဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဋ္ဌာနတွင် တပ် ဆင်ထားပြီး ဖြစ်ကြောင်းသိရသည်။
၂၄ နာရီလုံး ဖွင့်ပေးထားမည် ဖြစ်ပြီး အဓိက အားဖြင့် ရန်ကုန်၊ နေ ပြည်တော်၊ မန္တလေး၊ ပုဂံ၊ တောင်ကြီး မှ ဟိုတယ်ခရီးနှင့် ဆိုင်သောဌာနဆိုင် ရာ ဖုန်းနံပါတ်များအား ထည့်သွင်း ဖြေကြား ပေးသွားမည်ဖြစ်သည်။
အဆိုပါ စက်မျိုးများကို တိုးချဲ့ တပ်ဆင် သွားရန်ရှိကြောင်း ဟိုတယ် နှင့်ခရီးသွားလာရေး ၀န်ကြီးဌာနမှ သိရသည်။ သိလိုသူများ သည် ဖုန်း-၀၆၇-၄၀၆၀၆၁သို့ စုံစမ်း မေးမြန်းနိုင် ကြောင်းသိရသည်။
source : The Myanmar Post

Post a Comment
Thank you for your comment on my blog, Anythig you can suggesting and discuss to me.